Смотреть в Telegram
Khit Thit Media
✔
နေပြည်တော်တွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏သား မင်္ဂလာဆောင် ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် မစ်ရှင် ၄ ခုတွင် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၂၇ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (Myanmar International Convention Center - MICC 2)အတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် စစ်တပ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ သား မင်္ဂလာဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Shar Htoo Waw နည်ပညာတပ်ဖွဲ့_ KLOUD Team က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း နေပြည်တော်၊ MICC 2 ခန်းမတွင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏သားဖြစ်သူ မင်္ဂလာဆောင် ကျင်းပခဲ့ပြီး ယင်းမင်္ဂလာဆောင်ကို လုံခြုံရေးအဖြစ် စစ်တပ်နှင့်ရဲများ ချထားခဲ့ကြောင်း၊ အဆိုပါ မင်္ဂလာဆောင်ကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud drone အဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်း၍ Fixed wing drone ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အုပ်စု ခေါင်းဆောင်များတက်ရောက်မည်ဟု သတင်းရရှိသဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် MICC 2 တွင် လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတစ်ချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ ထို့ပြင် အခမ်းအနားတက်ရောက်လာကြသော စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း သိရှိရသည်။ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone အဖွဲ့နှင့် နေပြည်တော်စစ်တိုင်းဌာနတို့က အသေခံဒရုန်းမစ်ရှင်များကို ဆက်တိုက် အကောင်အထည်ဖော်လျက်ရှိရာ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်း ပထမအကြိမ် သံတောင်ကြီး-ဘုရင့်နောင်တပ်မြို့ နှင့် လိပ်သို ဗျူဟာကုန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၁ရက်နံနက်ပိုင်း - သံတောင်ကြီး ဘုရင့်နောင်တပ်မြို့ အားထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ တတိယအကြိမ် မစ်ရှင်အဖြစ် နိုဝင်ဘာလ ၅ ရက်နေ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ခရီးစဉ် ထွက်ခွာခဲ့သည့် နေပြည်တော် အေလာလေတပ်နှင့် နေပြည်တော် လေဆိပ်ကိုလည်း ကာမီကာဇေ အသေခံဒရုန်းများနှင့်မောင်းသူမဲ့လေယာဉ်ငယ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၅ ရက်နေ့မစ်ရှင်တွင် ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်သား ၂ ဦးနှင့် လေဆိပ်လုံခြုံရေး ၂ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ စတုတ္တမစ်ရှင်အဖြစ် နိုဝင်ဘာလ ၂၅ နံနက်ပိုင်း စစ်ကောင်စီ၏ နိုင်ငံအဆင့် အစည်းအဝေးနှင့် အခမ်းအနားများ ပြုလုပ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (Myanmar International Convention Center - MICC 2)အတွင်း မောင်မောင်၏သား မင်္ဂလာဆောင်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
Поделиться
Love Center - Dating, Friends & Matches, NY, LA, Dubai, Global
Бот для знакомств
Запустить