View in Telegram
Khit Thit Media
✔
တရုတ်ဖိအားကြောင့် လူထုတော်လှန်ရေးအနေဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း သွား၍ မရတော့ကြောင်း၊ လူထု အထိမနာစေရန်နှင့် ဘေးထွက်ဆိုးကျိုးများကို သေချာစွာ တွက်ချက်စဉ်းစားရန် လိုအပ်ကြောင်း၊ ဖောက်ထွက်စဉ်းစားရန် လိုအပ်ကြောင်း သူက တိုက်တွန်းသည်။ “ကျွန်တော်တိုအနေနဲ့ရော … မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ - China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ - လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူးလို ယူဆပါတယ်။ ကျွန်တော်တိုဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို လိုတယ်လို့ ပြောချင်ပါတယ်"ဟု ယာယီသမ္မတက တိုက်တွန်းပြောဆိုထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရတွင် ဝန်ကြီး ဒေါက်တာဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဝန်ကြီး ဒေါ်ခင်မမမျိုး၊ ဝန်ကြီး ဦးထင်လင်းအောင်၊ ဝန်ကြီး ဒေါက်တာဆာဆာ၊ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဝန်ကြီး ဦးတင်ထွန်းနိုင်၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုဝန်ကြီး ဦးမော်ထွန်းအောင် အပါအဝင် ဝန်ကြီးနှင့် ဒုဝန်ကြီးတချို့မှာ ပြည်ပနိုင်ငံများသို့ ရောက်ရှိပြီး NUG နှင့်ပတ်သက်၍ နိုင်ငံတကာထောက်ခံမှုရရှိရေး စည်းရုံးလှုပ်ရှားမှုများ လုပ်ဆောင်နေကြသည်။ "နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒေါက်တာဆာဆာတို့လို့ ဝန်ကြီးနေရာတွေကတော့ ပြည်ပမှာ နေတာကတော့ ထိရောက်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်လိုနေရာမျိုးကလည်း ပြည်ပမှာ နေထိုင်ပြီး ဘဏ္ဍာငွေရှာဖွေတာက ပိုပြီး နည်းလမ်းကျပါတယ်။ ကျန်တဲ့ဝန်ကြီးတွေကတော့ ပြည်တွင်းမှာပဲ အခြေစိုက်ပြီး အလုပ် လုပ်တာက တော် လှန်ရေးအတွက် ပိုပြီးတော့ ထိရောက်မယ်ထင်ပါတယ်။ ပြည်ပရောက် ဝန်ကြီးတွေ ဘယ်လိုနည်းနဲ့ ပြန်ဝင်ကြမလဲ။ လုံခြုံရေး အာမခံချက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကလည်း သေချာစီစဉ်ရမယ့်ကိစ္စရပ်လို့ မြင်ပါတယ်။ အပြောလွယ်ပေမယ့် အလုပ်ခက်နိုင်ပြီး တစ်ခုခု ချွတ်ချော်လို့မရတဲ့ကိစ္စတွေပါ ။ လုံခြုံရေး အာမခံချက်ရှိတဲ့နေရာမျိုးမှာ အခြေစိုက်ဖို့က အဓိက အရေးကြီးဆုံးပါပဲ။ လိုအပ်တဲ့ ဝန်ကြီးတွေက ပြည်ပမှာနေပြီး ပြည်ပမှာ နေဖို့ မလိုအပ်တဲ့ဝန်ကြီးတွေက ပြည်တွင်း ပြန်ဝင်တာက လက်တွေ့ကျပါတယ်။ ယာယီသမ္မတက ပြောတာကလည်း လက်တွေ့ကျပါတယ်" ဟု နွေဦးတော်လှန်ရေး သပိတ်ကွန်ရက်တစ်ခုမှ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
Share
Love Center - Dating, Friends & Matches, NY, LA, Dubai, Global
Find friends or serious relationships easily
Start